Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 32:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အစ္စရေး​လူထု​တို့​၏​ရှေ့မှောက်​၌ ထာဝရဘုရား​တိုက်ခိုက်​သိမ်းပိုက်​တော်မူ​ခဲ့​သော​နယ်မြေ​တို့​သည် တိရစ္ဆာန်​အတွက် သင့်တော်​သော​မြေ​ဖြစ်​၏​။ သခင်​၏​အစေအပါး​တို့​၌​လည်း တိရစ္ဆာန်​ရှိ​ပါ​၏​။

Ver Capítulo Copiar

Judson Bible

4 ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။

Ver Capítulo Copiar




တော​လည် 32:4
9 Referencias Cruzadas  

ထို​အမည်​နှင့်​ရေးမှတ်​ထား​သော​သူ​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် ထို​နေရာ​သို့​လာ​၍ ဟာမ​အမျိုး​တို့​နေ​ရာ​တဲ​များ​နှင့် ထို​အရပ်​တွင်​နေထိုင်​ကြ​သော​မဟုနိမ်​လူမျိုး​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​သဖြင့် လုံးလုံး​ပျက်စီး​သွား​ခဲ့​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။ ထို​နေရာ​တွင် သူ​တို့​၏​သိုး​များ​အတွက် စားကျက်မြေ​ရှိ​သောကြောင့် ထို​နေရာ​တွင် နေထိုင်​ကြ​၏​။


အစ္စရေး​လူမျိုး​ကို​ကား သူ​တို့​စားကျက်မြေ​သို့ ပြန်ခေါ်လာ​မည်​။ သူ​တို့​သည် ကရမေလ​တောင်​၊ ဗာရှန်​တောင်​၌ ကျက်စား​ကြ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ဂိလဒ်​ပြည်​ရှိ​တောင်ကုန်း​တို့​၌ ဝလင်​စွာ​စား​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။


ထိုအခါ အစ္စရေး​လူမျိုး​တို့​သည် ရှိဟုန်​မင်းကြီး​ကို ဓား​ဖြင့်​ခုတ်သတ်​၍ အာနုန်​ချောင်း​မှ အမ္မုန်​အမျိုးသား​တို့​၏​နယ်စပ် ယဗ္ဗုတ်​ချောင်း​အထိ ထို​မင်း​၏​ပြည်​ကို​သိမ်းပိုက်​နိုင်​၏​။ အမ္မုန်​အမျိုးသား​တို့​၏​နယ်စပ်​သည် အခိုင်အမာ​ရှိ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သူ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် ရှင်ဘုရင်​နှင့်​သူ့​သား​များ​မှစ၍ သူ့​လူ​အပေါင်း​တို့​ကို တိုက်ခိုက်​ပြီးလျှင် သူ​၏​ပြည်​ကို သိမ်းပိုက်​လေ​၏​။


အကျွန်ုပ်​တို့​သည် သခင်​၏​ရှေ့​၌ မျက်နှာရ​ပါလျှင် ဤ​ပြည်​ကို သခင်​၏​အစေအပါး​တို့​အား ပိုင်ဆိုင်​ရာ​မြေ​အဖြစ်​ပေး​ပါ​။ ဂျော်ဒန်​မြစ်​တစ်ဖက်​သို့ အကျွန်ုပ်​တို့​မ​ကူး​ပါရစေ​နှင့်​”​ဟု လျှောက်​ကြ​၏​။


ကိုယ်တော်​သည် သင်​တို့​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီးမား​သော​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​ပြီး သင်​တို့​ကို သူ​တို့​၏​ပြည်​သို့ ပို့ဆောင်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​၏​ပြည်​ကို သင်​တို့​အား အမွေ​အဖြစ် ပေး​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos