ယေရမိ 48:45 - မြန်မာ့စံမီသမ္မာကျမ်း45 “ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။ Ver CapítuloCommon Language Bible45 ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။- Ver CapítuloGarrad Bible45 ထွက် ပြေး ရ သူ တို့ သည်၊ ဟေ ရှ ဘုန် မြို့ ရိပ် ၌ အား လျော့ စွာ ရပ် တန့် ကြ လေ ပြီ။ ရှိ ဟုန် မင်း စံ ဖူး သော ဟေ ရှ ဘုန် မြို့ မှ ထွက် သော မီး လျှံ သည်၊ မော ဘ အ မျိုး နား ထင်၊ အောင် သံ ပြု သူ တို့ ဦး ထိပ် ကို သင့် လောင် လေ ပြီ။ Ver CapítuloJudson Bible45 ပြေးသောသူတို့သည် အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင်လွှားသောသူတို့၏အထွတ်မှစ၍ မောဘပြည်စွန်းတိုင်အောင် လောင်လိမ့်မည်။ Ver Capítulo |