လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။
တောလည် 3:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏အမှုဖြစ်သော အာရုန်နှင့်ဆိုင်သောအလုပ်၊ လူထုအပေါင်းတို့နှင့်ဆိုင်သောအလုပ်တို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ လုပ်ဆောင်ရမည်။ Common Language Bible သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။- Garrad Bible ထို သူ တို့ သည် စံ ရာ တော် ဆိုင် ရာ ဝတ် ကို ပြု လျက် တွေ့ ဆုံ ရာ တဲ တော့် ရှေ့၊ အာ ရုန် နှင့် ပ ရိ သတ် ဥဿုံ့ အ တွက် အ မှု ကို ဆောင် ရွက် ရာ ၌၊ Judson Bible သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။ |
လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။
ယေဟေလိ၏သားများမှာ ဇေသံနှင့် သူ့ညီယောလ ဖြစ်၏။ သူတို့သည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို စောင့်ကြပ်ကြရ၏။
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် လေဝိအမျိုး၏ခေါင်းဆောင်များကိုကြီးမှူးသူဖြစ်ပြီး သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူတို့အား ကြီးကြပ်ရ၏။
တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။
အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့ထဲရှိ လေဝိအမျိုးတို့သည် ထာဝရဘုရား၏အမှုတော်ထမ်းဆောင်ရန် အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။