တောလည် 31:30 - မြန်မာ့စံမီသမ္မာကျမ်း30 အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible30 ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible30 ဣ သ ရေ လ အ မျိုး သား တို့ ထက် ဝက် စု အ နက် လည်း လူ မှ စ၍၊ နွား၊ မြည်း၊ သိုး၊ ဆိတ် တည်း ဟူ သော တိ ရ စ္ဆာန် အ ပေါင်း တို့ တွင် ငါး ဆယ် လျှင် တစ် ဖို့ ကျ နုတ် ယူ လျက် ထာ ဝ ရ ဘု ရား စံ ရာ တော် ကို စောင့် ရှောက် သော လေ ဝိ ဂိုဏ်း သား တို့ သို့ အပ် ပေး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Ver CapítuloJudson Bible30 ဣသရေလအမျိုးသားခံရသော ထက်ဝက်အဖို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုးအကောင်ငါးဆယ်တို့တွင် တစ်ကောင်ကိုကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေးရမည်ဟု၊ Ver Capítulo |
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။