၁ ရာချုပ် 26:20 - မြန်မာ့စံမီသမ္မာကျမ်း20 လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။ Ver CapítuloCommon Language Bible20 အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။- Ver CapítuloGarrad Bible20 ဘု ရား သ ခင့် ဗိ မာန် အ ဆောင် အ ရွက် တော် နှင့် အ လှူ တော် ဘ ဏ္ဍာ များ ကို ထိန်း ရ သော သား ချင်း ဖြစ် သူ လေ ဝိ ဂိုဏ်း သား တို့ မှာ၊ Ver CapítuloJudson Bible20 လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။ Ver Capítulo |
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။