ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
တမန်တော်ဝတ္ထု 8:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူဖတ်နေသည့်ကျမ်းပိုဒ်မှာ “သူသည် သတ်ရန်လျာထားသောသိုးကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရ၍ သိုးသငယ်သည် အမွေးညှပ်သူရှေ့၌ တိတ်ဆိတ်စွာနေသကဲ့သို့ မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။ Common Language Bible ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊ ``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။ အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည် နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။ Garrad Bible ဖတ် နေ သော ကျမ်း ချက် မှာ သတ် ရန် ဆွဲ ငင် သော သိုး ကဲ့ သို့ သူ့ ကို ထုတ် သွား ကြ ရာ၊ အ မွေး ညှပ် သူ ရှေ့ ဆိတ် ဆိတ် နေ သော သိုး သား ငယ် ကဲ့ သို့ သူ သည် နှုတ် မ မြွတ် ဘဲ နေ၏။ Judson Bible ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲ နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူ ဖတ်နေသောကျမ်းစာပိုဒ်မှာ “သတ်ရန် ခေါ်ယူသွားသည့် သိုးကဲ့သို့ သူသည် ခေါ်ဆောင်သွားခြင်းခံရ၏။ သိုးသငယ်သည် သိုးမွေးညှပ်သူရှေ့တွင် တိတ်ဆိတ်စွာ နေသကဲ့သို့ သူသည် မိမိနှုတ်ကို မဖွင့်ဘဲနေ၏။ |
ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူပါ၏။ အကျွန်ုပ်စိတ်နှလုံးထဲ၌ ကိုယ်တော်ရှိသည်၊ မရှိသည်ကို စစ်ဆေးတော်မူပါ၏။ သူတို့ကိုမူကား အသတ်ခံရမည့်သိုးကဲ့သို့ ဆွဲထုတ်တော်မူပါ။ သတ်ရာနေ့အဖို့ သီးခြားထားတော်မူပါ။
ထာဝရဘုရားက “သူတို့ကို သိုးသငယ်ကဲ့သို့၊ သိုးထီးဆိတ်ထီးကဲ့သို့ ဆွဲထုတ်၍ သတ်မည်။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
“အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။