Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ရ​မိ 51:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထာဝရဘုရား​က “​သူ​တို့​ကို သိုးသငယ်​ကဲ့သို့​၊ သိုးထီး​ဆိတ်ထီး​ကဲ့သို့ ဆွဲထုတ်​၍ သတ်​မည်​။

Ver Capítulo Copiar

Common Language Bible

40 ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

40 သိုး သား ငယ် များ ကဲ့ သို့ လည်း ကောင်း၊ သိုး ထီး ဆိတ် ထီး များ ကဲ့ သို့လည်း ကောင်း၊ လုပ် ကြံ သုတ် သင် ခြင်း ကို ခံ စေ မည်။

Ver Capítulo Copiar

Judson Bible

40 အ​သေ​သတ်​ခြင်း​ငှာ ဆွဲ၍​ချ​သော​သိုး​သ​ငယ်​ကို​ကဲ့​သို့​လည်း​ကောင်း၊ သိုး​ထီး၊ ဆိတ်​ထီး​ကို​ကဲ့​သို့​လည်း​ကောင်း ငါ​ဆွဲ၍​ချ​မည်။

Ver Capítulo Copiar




ယေ​ရ​မိ 51:40
6 Referencias Cruzadas  

ဆိုးယုတ်​သော​သူ​တို့​မူကား ပျက်စီး​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​ရန်သူ​တို့​သည် မြက်ခင်းပြင်​၏​အသရေ​ကဲ့သို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။ မီးခိုး​ကဲ့သို့ ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။


အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏​။


ထာဝရဘုရား​၏​ဓား​တော်​သည် သွေး​နှင့်​ဝ​ပြီ​၊ အဆီ​နှင့်​အီ​ပြီ​။ သိုးသငယ်​နှင့်​ဆိတ်ထီး​တို့​၏​သွေး​၊ သိုးထီး​တို့​၏​ကျောက်ကပ်​အဆီ​တို့​နှင့် ဝအီ​လေ​ပြီ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဗောဇရ​မြို့​၌ ယဇ်ပူဇော်ပွဲ​၊ ဧဒုံ​ပြည်​၌ ကြီးမား​သော​သားသတ်ပွဲ ကျင်းပ​တော်မူ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​မောဘ​ပြည် ပျက်စီး​ပြီ​။ မောဘ​မြို့​များ​သို့ ရန်သူ​ချီလာ​ပြီ​။ ရဲစွမ်းသတ္တိ​ရှိ​သော​လူငယ်​တို့​သည် အသတ်ခံ​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


နွားထီးပျို​အားလုံး​ကို သတ်​ပစ်​ကြ​။ သူ​တို့​ကို စစ်ကြောစီရင်​မည့်​နေ့ရက်​ကာလ ရောက်လာ​ပြီ​ဖြစ်၍ သူ​တို့​ကို​သတ်​မည့်​နေရာ​သို့ ဆင်းသွား​စေ​လော့​။ သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။


စစ်သူရဲ​တို့​၏​အသား​ကို​စား​၍ မြေကြီး​မင်း​တို့​၏​သွေး​ကို သောက်​ရ​ကြ​လိမ့်မည်​။ ဗာရှန်​ပြည်​မှ ဆူဖြိုး​သော​တိရစ္ဆာန်​များ​ဖြစ်​သည့် သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​၊ နွားထီး​တို့​၏​အသား​ကို စား​ရ​ကြ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos