သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
တမန်တော်ဝတ္ထု 17:5 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။ Common Language Bible သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။- Garrad Bible ယု ဒ လူ မျိုး တို့ မူ ကား၊ မ ရှု စိမ့် သ ဖြင့်၊ ယုတ် မာ သော အ ရပ် သား အ ချို့ ကို ခေါ်၍ မြို့ လုံး ကျွတ် စု ရုံး ထ ကြွ စေ ပြီး လျှင်၊ ယာ သုန့် အိမ် ကို စီး လျက် ပေါ လု နှင့် သိ လ တို့ ကို အ စု အ ရုံး အား ထုတ် ပေး ခြင်း ငှါ ရှာ ကြံ ကြ၏။ Judson Bible ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကိုခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှာ ရှာကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဂျူးလူမျိုးတချို့သည် မနာလိုသဖြင့် ဈေးအရပ်များရှိ ဆိုးသွမ်းသူများကို စုစည်း၍ မြို့ထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်စေကြ၏။ ယာသုန်၏အိမ်ကိုလည်း နိုင်ထက်စီးနင်းပြု၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲခေါ်လာရန် ရှာဖွေကြလေ၏။ |
သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
မြို့တံခါးဝတွင်ထိုင်နေသောသူတို့သည် အကျွန်ုပ်အကြောင်းကို တီးတိုးပြောဆိုကြပါ၏။ အကျွန်ုပ်သည် သေရည်သေရက်သောက်စားသော သူတို့၏တေးဖွဲ့သီဆိုစရာများဖြစ်ရပါ၏။
တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။ မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကိုဆွေးမြည့်စေတတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍
ယာသုန်သည် သူတို့ကို လက်ခံထားပါသည်။ သူတို့အားလုံးသည် ယေရှုဟူသောအခြားဘုရင်တစ်ပါးရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်ကို ဆန့်ကျင်ဘက်ပြုကြပါသည်”ဟု အော်ဟစ်ပြောဆိုကြ၏။
ယာသုန်နှင့် အခြားညီအစ်ကိုတို့ထံမှ အာမခံငွေကိုယူပြီးလျှင် သူတို့ကို ပြန်လွှတ်ကြ၏။
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက်
မျိုးနွယ်စုဖခင်တို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့။
သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။
သူတို့သည် ဗာလဗေရိတ်ဝတ်ကျောင်းထဲမှ ငွေခုနစ်ဆယ်ရှယ်ကယ်ကို အဘိမလက်အားပေးရာ သူက ထိုငွေဖြင့် လူဆိုးလူမိုက်တို့ကို ငှားရမ်း၍ သူ့နောက်လိုက်စေ၏။