Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 69:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။

Ver Capítulo Copiar

Common Language Bible

12 သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။

Ver Capítulo Copiar

Garrad Bible

12 မြို့ တံ ခါး ဝ၌ ထိုင် နေ သူ တို့ သည်၊ အ ကျွန်ုပ် အ ကြောင်း ကုန်း ချော ခြင်း၊ သေ သောက် ကြူး တို့ သည်၊ တေး ဖွဲ့ ခြင်း ကို ပြု တတ် ကြ ပါ၏။

Ver Capítulo Copiar

Judson Bible

12 ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။

Ver Capítulo Copiar




ဆာ​လံ 69:12
15 Referencias Cruzadas  

ကောင်းကင်တမန်​နှစ်​ပါး​တို့​သည် နေဝင်ချိန်​၌ သောဒုံ​မြို့​သို့​ရောက်လာ​ကြ​၏​။ ထိုအခါ လောတ​သည် သောဒုံ​မြို့​တံခါးဝ​၌ ထိုင်​လျက်​နေ​၏​။ လောတ​သည် သူ​တို့​ကို​မြင်​သော် ကြိုဆို​ရန်​ထသွား​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်


ငါ​မူကား သူ​တို့​ဖျားနာ​သောအခါ လျှော်တေအဝတ်​ကို​ဝတ်​၍ အစာရှောင်​လျက် မိမိကိုယ်မိမိ​ချိုးနှိမ်​၏​။ ငါ​၏​ဆုတောင်းချက် ငါ့​ရင်ခွင်​သို့​သာ ပြန်လှည့်​လာ​သောအခါ


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွေးဆောင်​တော်မူ​ပြီ​။ အကျွန်ုပ် သွေးဆောင်​ခံရ​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ထက် ခွန်အားကြီး​သဖြင့် နိုင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် နေ့စဉ် လှောင်ပြောင်​ခြင်း​ခံရ​ပါ​၏​။ လူ​တိုင်း အကျွန်ုပ်​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။


“ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​ရှိသမျှ​တို့​တွင် တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို မျိုးနွယ်​အလိုက် သင်​ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos