လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
တမန်တော်ဝတ္ထု 13:44 - မြန်မာ့စံမီသမ္မာကျမ်း နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။ Common Language Bible နောက်ဥပုသ်နေ့၌သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်နီး ပါးလူတို့လာရောက်ကြ၏။- Garrad Bible နောက် ဥ ပုသ် နေ့ ကျ ရောက် သော် ဘု ရား သ ခင်၏ တ ရား တော် ကို ကြား နာ ရန် မြို့ လုံး ကျွတ် မ တတ် စု ရုံး လျက် ရှိ ကြ ရာ၊ Judson Bible နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်ဥပုသ်နေ့တွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုကြားနာရန် တစ်မြို့လုံးနီးပါး စုရုံးလာကြ၏။ |
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
တိမ်တိုက်ကဲ့သို့လည်းကောင်း၊ အသိုက်ရှိရာသို့ပျံသန်းလာသောချိုးငှက်ကဲ့သို့လည်းကောင်း ပျံသန်းလာကြသည့် ဤသူတို့သည် မည်သူတို့နည်း။
ထိုအခါ ယေရှုနှင့်တွေ့ဆုံရန် တစ်မြို့လုံးထွက်လာ၍ ကိုယ်တော်ကိုတွေ့မြင်ကြသောအခါ မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် တောင်းပန်ကြ၏။
သူတို့မူကား ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းထဲသို့ဝင်၍ ထိုင်ကြ၏။