တမန်တော်ဝတ္ထု 13:43 - မြန်မာ့စံမီသမ္မာကျမ်း43 ဝတ်ပြုစည်းဝေးကျောင်းဆင်းသောအခါ များစွာသောဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သည့် ဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗတို့နောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်၌ ဆက်လက်တည်နေကြရန် အားပေးတိုက်တွန်းကြ၏။ Ver CapítuloCommon Language Bible43 တရားဇရပ်မှလူစုကွဲသောအခါယုဒ အမျိုးသားအမြောက်အမြားနှင့် ယုဒဘာသာ သို့ကူးပြောင်းလာသူအမြောက်အမြားတို့သည် ပေါလုနှင့်ဗာနဗတို့၏နောက်သို့လိုက်ကြ၏။ တမန်တော်တို့ကထိုသူတို့အား ဘုရားသခင် ၏ကျေးဇူးတော်၌ဆက်လက်သက်ရှင်ကြရန် အားပေးတိုက်တွန်းကြ၏။ Ver CapítuloGarrad Bible43 အ စည်း အ ဝေး ကွဲ ပြီး မှ ယု ဒ လူ မျိုး နှင့် ဘု ရား တ ရား ကြည် ညို သော ယု ဒ ဘာ သာ ဝင် အ များ တို့ လိုက် ရာ ဘု ရား သ ခင့် ကျေး ဇူး တော်၌ တည် မြဲ ကြ စေ ရန် ပေါ လု နှင့် ဗာ န ဗ တို့ တိုက် တွန်း နှိုး ဆော် ကြ၏။ Ver CapítuloJudson Bible43 အစည်းအဝေးပြီး၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း43 ဂျူးဝတ်ပြုဆောင်မှ အစည်းအဝေးရုပ်သိမ်းသောအခါ ဂျူးအများအပြားနှင့် ဘုရားသခင်ကိုကိုးကွယ်သောဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗနောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်ကို အမှီပြု၍ ဆက်လက်ရှင်သန်ရန် ပြောဆိုတိုက်တွန်းကြ၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။