Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 13:44 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 နောက်​ဥပုသ်နေ့​တွင် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရန် တစ်​မြို့​လုံး​နီးပါး စုဝေး​လာ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

44 နောက်​ဥ​ပုသ်​နေ့​၌​သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​နာ​ရန် မြို့​လုံး​ကျွတ်​နီး ပါး​လူ​တို့​လာ​ရောက်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

44 နောက် ဥ ပုသ် နေ့ ကျ ရောက် သော် ဘု ရား သ ခင်၏ တ ရား တော် ကို ကြား နာ ရန် မြို့ လုံး ကျွတ် မ တတ် စု ရုံး လျက် ရှိ ကြ ရာ၊

Ver Capítulo Copiar

Judson Bible

44 နောက်​ဥ​ပုသ်​နေ့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​ထောင်​အံ့​သော​ငှာ တစ်​မြို့​လုံး ကုန်​မ​တတ်​စည်း​ဝေး​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 နောက်​ဥပုသ်နေ့​တွင် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို​ကြားနာ​ရန် တစ်မြို့လုံး​နီးပါး စုရုံးလာကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 13:44
6 Referencias Cruzadas  

လူမျိုး​တို့​သည် ရှိလော​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။


သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။


ထို​နေ့ရက်​၌ ယေရှဲ​၏​အမြစ်​သည် လူ​တို့​အတွက် အောင်လံ​သဖွယ်​ရပ်တည်​လိမ့်မည်​။ လူမျိုး​တို့​သည် သူ့​ကို မေးမြန်း​စူးစမ်း​ကြ​လိမ့်မည်​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဘုန်းအသရေ​ရှိ​လိမ့်မည်​။


တိမ်တိုက်​ကဲ့သို့​လည်းကောင်း​၊ အသိုက်​ရှိ​ရာ​သို့​ပျံသန်း​လာ​သော​ချိုးငှက်​ကဲ့သို့​လည်းကောင်း ပျံသန်း​လာ​ကြ​သည့် ဤ​သူ​တို့​သည် မည်သူ​တို့​နည်း​။


ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။


သူ​တို့​မူကား ပေရဂေ​မြို့​ကို​ဖြတ်သွား​၍ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​သို့​ရောက်​ကြ​ပြီးလျှင် ဥပုသ်​နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့​ဝင်​၍ ထိုင်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos