ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
တမန်တော်ဝတ္ထု 1:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။ Common Language Bible သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။- Garrad Bible မြို့ တွင်း သို့ ရောက် သော် တည်း ခို ရာ အ ထက် ခန်း သို့ တက် ကြ ၏။ ပြန် ရောက် သူ တို့ မှာ ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ်၊ အ န္ဒြေ၊ ဖိ လိ ပ္ပု၊ သော မ၊ ဗာ သော လ မဲ၊ မဿဲ၊ အာ လ ဖဲ သား ယာ ကုပ်၊ ဝံ သာ နု ရှိ မုန်၊ ယာ ကုပ် သား ယု ဒ တို့ တည်း။ Judson Bible ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့ တက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။ |
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
ထိုအခါ သူသည် အဆင်သင့်ခင်းကျင်းထားသောအပေါ်ထပ်ခန်းမကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။
ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုသာခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍
ထိုသူသည် ခင်းကျင်းထားသော အပေါ်ထပ်ခန်းမကို သင်တို့အားပြလိမ့်မည်။ ထိုနေရာ၌ ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။
ယုဒဣရှကာရုတ်မဟုတ်သောယုဒက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ထံ မိမိကိုယ်ကိုထင်ရှားစေရန်ကြံရွယ်တော်မူသော်လည်း လောကီသားတို့ထံ မထင်ရှားစေသည်မှာ မည်သို့နည်း”ဟု မေးလျှောက်၏။
ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန်လက်ရိပ်ပြပြီး သခင်ဘုရားသည် မိမိအား ထောင်ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်လာခဲ့သည်ကို သူတို့အား ပြောပြ၏။ ထို့နောက် “ဤအကြောင်းအရာများကို ယာကုပ်နှင့်ညီအစ်ကိုတို့အား ပြောပြကြလော့”ဟု ဆိုပြီးလျှင် အခြားအရပ်သို့ ထွက်ခွာသွားလေ၏။
ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
ထို့နောက် ကိုယ်တော်သည် ယာကုပ်ထံ ထင်ရှားပြတော်မူပြီး တမန်တော်အားလုံးတို့ထံ ထင်ရှားပြတော်မူ၏။
သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။