ယာကုပ် 1:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။ Ver CapítuloCommon Language Bible1 ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။ Ver CapítuloGarrad Bible1 ဘု ရား သ ခင်၏ ကျွန် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျွန် ဖြစ် သော ယာ ကုပ် က ကွဲ လွင့် လျက် နေ သော တစ် ဆယ့် နှစ် နွယ် တို့ အား မေတ္တာ ကို ရှေ့ ထား၍ ရေး လိုက် သည် မှာ၊ Ver CapítuloJudson Bible1 ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။ Ver Capítulo |
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။