တမန်တော်ဝတ္ထု 2:38 - မြန်မာ့စံမီသမ္မာကျမ်း38 ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ Ver CapítuloCommon Language Bible38 ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။- Ver CapítuloGarrad Bible38 ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible38 ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း38 ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။