တမန်တော်ဝတ္ထု 2:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း38 ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။ Ver CapítuloCommon Language Bible38 ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။- Ver CapítuloGarrad Bible38 ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible38 ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း38 ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ Ver Capítulo |
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။