တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
ဇာခရိ 10:3 - မြန်မာ့စံမီသမ္မာကျမ်း “သိုးထိန်းတို့ကို ငါအမျက်ထွက်၏။ ခေါင်းဆောင်တို့ကို ငါဒဏ်ခတ်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိမိ၏သိုးစုယုဒအမျိုးအနွယ်ကို ကြည့်ရှုထောက်မ၍ သူတို့ကို ရဲစွမ်းသတ္တိရှိသောစစ်မြင်းကဲ့သို့ ဖြစ်စေမည်။ Common Language Bible ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။- Garrad Bible ငါ သည်၊ ထို အ ထိန်း အ ကျောင်း တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ဆိတ် ထီး ကြီး တို့ ကို လည်း အ စီ အ ရင် ကြွ လာ မည်။ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ယု ဒ အ မျိုး သား တည်း ဟူ သော သိုး အုပ် တော် ကို၊ အ ကြည့် အ ရှု ကြွ လာ လျက်၊ စစ် ပွဲ၌ အ သ ရေ ဆောင် မြင်း ကဲ့ သို့ ဖြစ် စေ မည်။ Judson Bible သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မိမိသိုးစု ယုဒအမျိုးကို အကြည့်အရှုကြွလာ၍၊ ဘုန်းတော်ကိုဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေတော်မူမည်။ |
တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။
စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေတို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးဘုရင်တို့ကို မြေကြီးပေါ်၌လည်းကောင်း ဒဏ်ခတ်တော်မူမည်။
အကြောင်းမူကား သိုးထိန်းတို့သည် အသိတရားကင်းမဲ့ကြ၏။ ထာဝရဘုရားကိုမရှာကြ။ ထို့ကြောင့် အောင်မြင်မှုမရရှိကြ။ သူတို့၏သိုးစုအားလုံးတို့သည်လည်း ကွဲလွင့်ကြလေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကို ဒဏ်ခတ်မည်။ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတို့၏သားသမီးတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြလိမ့်မည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
ငါ့လူမျိုးတော်သည် ပျောက်သောသိုးဖြစ်ကြပြီ။ သူတို့ကိုထိန်းကျောင်းသောသိုးထိန်းတို့သည် သူတို့ကိုလမ်းလွဲစေပြီ။ တောင်များပေါ်တွင် တလည်လည်ဖြစ်စေပြီ။ သူတို့၏နားနေရာကို မမှတ်မိတော့ဘဲ တစ်တောင်မှတစ်တောင် တစ်ကုန်းမှတစ်ကုန်းသို့ လှည့်လည်သွားလာနေရလေပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။
သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
“အချင်းလူသား၊ အစ္စရေးသိုးထိန်းတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက သိုးထိန်းတို့အား ‘မိမိကိုယ်ကိုသာ ကျွေးမွေးစောင့်ရှောက်သော အစ္စရေးသိုးထိန်းတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ သိုးထိန်းတို့မည်သည် သိုးတို့ကို ကျွေးမွေးရမည်မဟုတ်လော။
သူသည် ပဋိညာဉ်ချိုးဖောက်သောသူတို့ကို မြှောက်ပင့်ပြောဆို၍ ဖျက်ဆီးလိမ့်မည်။ မိမိဘုရားသခင်ကိုသိကျွမ်းသောသူတို့မူကား သူ့အား ရဲရင့်စွာတန်ပြန်တိုက်ခိုက်လိမ့်မည်။
“ထာဝရဘုရား၏ယဇ်ပူဇော်ရာနေ့၌ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့် တစ်ပါးအမျိုးသားဝတ်စုံဝတ်ဆင်သောသူများကို ငါဒဏ်ခတ်မည်။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။