La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဂ​လာ​တိ 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။

Ver Capítulo

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးတို့​၏ တမန်တော်​အဖြစ် ခန့်အပ်​ခံရသည့် ပေတရု​အားဖြင့် လုပ်ဆောင်တော်မူသော ဘုရားသခင်​သည် လူမျိုးခြားတို့​၏ တမန်တော်​အဖြစ် ခန့်အပ်​ခံရသော ကျွန်ုပ်​အားဖြင့်​လည်း လုပ်ဆောင်တော်မူ​သောကြောင့် ဖြစ်၏။

Ver Capítulo



ဂ​လာ​တိ 2:8
23 Referencias Cruzadas  

ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။


သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။


သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။


ပေါလု​သည် သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင် မိမိ​၏​အမှု​တော်​လုပ်ငန်း​အားဖြင့် လူမျိုးခြား​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော အကြောင်းအရာ​တို့​ကို တစ်ခုချင်း​ပြောပြ​လေ​၏။


ထိုအခါ ကိုယ်တော်​က‘သွား​လော့။ ငါ​သည် သင့်​ကို လူမျိုးခြား​တို့​ရှိ​ရာ ဝေး​သော​အရပ်​သို့ စေလွှတ်​မည်’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏။


သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။


ထို့နောက် ပေတရု​နှင့်​ယောဟန်​တို့​သည် သူ​တို့​အပေါ်​လက်​တင်​ကြ​သောအခါ သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​၏။


သို့သော် သခင်​ဘုရား​က“သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


အခြား​သော​သူ​တို့​အတွက် ငါ​သည် တမန်တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အတွက်​မူကား ငါ​သည် တမန်တော်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​တံဆိပ်​ဖြစ်​ကြ​၏။


သို့ဖြစ်လျှင် ဝိညာဉ်​တော်​ကို သင်​တို့​အား​ပေး​တော်မူ​၍ သင်​တို့​ထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​သော​အမှု​ကို ပြု​တော်မူ​သော​အရှင်​သည် သင်​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကြောင့် ထိုသို့​ပြု​တော်မူ​သလော၊ သို့မဟုတ် သင်တို့​ကြားနာ​၍​ယုံကြည်​သောကြောင့် ထိုသို့​ပြု​တော်မူ​သလော။


ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။