၁ ကော 9:2 - မြန်မာ့စံမီသမ္မာကျမ်း2 အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။ Ver CapítuloCommon Language Bible2 အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။ Ver CapítuloGarrad Bible2 ငါ သည် သူ တစ် ထူး တို့ အ ဖို့ တ မန် တော် မ ဟုတ် ဖြစ် စေ ဦး တော့။ အ ရှင် ဘု ရား အား ဖြင့် ခတ် နှိပ် သော တံ ဆိပ် သ ဖွယ် ဖြစ် သူ သင် တို့ အ ဖို့ မူ ကား ဟုတ် မှန်၏။ Ver CapítuloJudson Bible2 ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ်ခတ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း2 ကျွန်ုပ်သည် အခြားသူတို့အတွက် တမန်တော် မဖြစ်လျှင်ပင် သင်တို့အတွက် တမန်တော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ကိုယ်တိုင်သည် သခင်ဘုရားနှင့် တပေါင်းတစည်းတည်းရှိခြင်းအားဖြင့် ကျွန်ုပ်တမန်တော်ဖြစ်ကြောင်း သက်သေဖြစ်ကြသောကြောင့် ဖြစ်၏။ Ver Capítulo |