၁ သက် 2:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။ Ver CapítuloCommon Language Bible13 ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။- Ver CapítuloGarrad Bible13 ၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊ Ver CapítuloJudson Bible13 ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း13 သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။ Ver Capítulo |
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကြွင်းကျန်သောလူအပေါင်းတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုလည်းကောင်း၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဟဂ္ဂဲ ဆင့်ဆိုသည့်စကားကိုလည်းကောင်း နားထောင်ကြ၏။ လူအပေါင်းတို့သည်လည်း ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။