ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
ကောလောသဲ 4:7 - မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။ Common Language Bible ငါတို့ချစ်သောညီ၊ သစ္စာရှိသောအမှုတော် ဆောင်၊ သခင်ဘုရား၏အမှုတော်၌ငါတို့နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူတုခိတ်သည်ငါနှင့်ပတ် သက်သည့်သတင်းအလုံးစုံကိုသင်တို့အား ပြောပြလိမ့်မည်။- Garrad Bible ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ကျွန် ချင်း ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် ရှိ သ မျှ ကို ကြား ပြော လိမ့် မည်။ Judson Bible သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဖော်ပြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။ |
ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။
သင်တို့ထဲကတစ်ဦးဖြစ်သူ၊ သစ္စာရှိသည့် ချစ်ရသောညီဩနေသိမ်သည်လည်း သူနှင့်အတူပါ၏။ သူတို့သည် ဤအရပ်၌ ဖြစ်ပျက်နေသောအကြောင်းအရာအားလုံးကို သင်တို့အား ပြောပြကြလိမ့်မည်။
ငါသည် အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့စေလွှတ်သောအခါ ငါရှိရာနိကောပလိမြို့သို့လာရန် ကြိုးစားလော့။ အကြောင်းမူကား ဆောင်းကာလအတွင်း ထိုမြို့၌နေထိုင်ရန် ငါဆုံးဖြတ်ထား၏။