Biblia Todo Logo
La Biblia Online
- Anuncios -




တိ​တု 3:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။

Ver Capítulo Copiar

Common Language Bible

12 အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-

Ver Capítulo Copiar

Garrad Bible

12 အာ တေ မ ကို ဖြစ် စေ၊ တု ခိတ် ကို ဖြစ် စေ၊ သင့် ထံ ငါ စေ လွှတ် လိုက် သည့် ကာ လ နိ ကော ပေါ လိ မြို့ ငါ ရှိ ရာ သို့ လာ ဖြစ် အောင် ကြိုး စား လော့။ ထို မြို့ တွင် ဆောင်း ခို မည် ဟု ငါ့ စိတ် ပြ ဋ္ဌာန်း၏။

Ver Capítulo Copiar

Judson Bible

12 အာ​တေ​မ​သော်​လည်း​ကောင်း၊ တု​ခိတ်​သော်​လည်း​ကောင်း၊ သင့်​ဆီ​သို့ ငါ​စေ​လွှတ်​သော​အ​ခါ နိ​ကော​ပ​လိ​မြို့​တိုင်​အောင် ငါ့​ထံ​သို့​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ ဆောင်း​ကာ​လ​ပတ်​လုံး ထို​မြို့၌ ငါ​နေ​မည်​ဟု​အ​ကြံ​ရှိ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 အာတေမ၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့ ကျွန်ုပ်​စေလွှတ်မည်။ ကျွန်ုပ်​သည် နိကောပလိမြို့​၌ ဆောင်းရာသီ​ကို ဖြတ်သန်း​ရန် ဆုံးဖြတ်ထားသည်​ဖြစ်​၍ သူတို့​ရောက်​သောအခါ ကျွန်ုပ်​ထံသို့ လာ​ရန်​ကြိုးစားလော့။

Ver Capítulo Copiar




တိ​တု 3:12
8 Referencias Cruzadas  

ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။


ငါ​သည် သင်​တို့​နှင့်အတူ ဆောင်း​ကာလ​အတွင်း နေ​ကောင်း​နေ​ဖြစ်​လိမ့်မည်။ သို့ပြုလျှင် မည်သည့်​နေရာ​သို့ ငါ​သွား​သည်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​ပို့ဆောင်​ပေး​နိုင်​ကြ​လိမ့်မည်။


ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


တုခိတ်​ကို​မူကား ဧဖက်​မြို့​သို့ ငါ​စေလွှတ်​လိုက်​၏။


ဆောင်း​ကာလ​မတိုင်မီ​လာ​နိုင်​ရန် ကြိုးစား​လော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​အပေါင်း​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။


ငါ့​ထံသို့​အလျင်အမြန်​လာ​ရန် ကြိုးစား​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos