ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
ကမ္ဘာဦး 3:4 - မြန်မာ့စံမီသမ္မာကျမ်း မြွေကလည်း “သင်တို့သည် မုချသေရမည်မဟုတ်။ Common Language Bible ထိုအခါမြွေက``မဟုတ်နိုင်ပါ။ သင်တို့သေ မည်မဟုတ်။- Garrad Bible မြွေ က လည်း သင် တို့ သည် မု ချ သေ ရ မည် မ ဟုတ်။ Judson Bible မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ |
ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။
ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ သူ့အား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွားလေ၏။
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင်
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ဤသည်ကား စာတန်သည် ငါတို့အပေါ်အမြတ်မထုတ်စေရန်အတွက်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သူ၏တွေးတောကြံစည်မှုများကို မသိသည်မဟုတ်။
ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။
ထို့ပြင် အာဒံသည် လှည့်ဖြားခြင်းမခံရ။ အမျိုးသမီးမူကား လှည့်ဖြားခြင်းခံရလျက် ဖောက်ဖျက်ကျူးလွန်ခြင်းသို့ရောက်ခဲ့၏။