၂ ရာချုပ် 18:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible21 ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။ Ver CapítuloGarrad Bible21 အ သို့ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ရာ၊ ထို မင်း ၏ ပ ရော ဖက် အ ပေါင်း တို့ နှုတ် တွင်၊ လှည့် ပတ် သော နတ် အ ဖြစ်၊ အ ကျွန်ုပ် သွား ရောက် စောင့် တည် ပါ မည် ဟု ပြန် လျှောက် သည် နှင့် အ ညီ၊ သွား ၍ ထို သို့ ပြု လော့။ သွေး ဆောင် နိုင် လိမ့် မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible21 ထာဝရဘုရားက၊ အဘယ်သို့ သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။ Ver Capítulo |
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။