၄ ရာ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။ Ver CapítuloCommon Language Bible16 ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။ Ver CapítuloGarrad Bible16 ဣ သ ရေ လ ပြည် ၌ ဗျာ ဒိတ် တော် ကို မေး လျှောက် ရ သော ဘု ရား သ ခင် မ ရှိ သော ကြောင့် ဧ ကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ မေး ရန် သံ တ မန် တို့ ကို စေ လွှတ် ရာ သ လော။ သို့ ဖြစ်၍ သင် သည် ယ ခု နေ သော သာ လွန် ထက် မှ ဆင်း ခွင့် မ ရ။ မု ချ သေ ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို လေ ၏။ Ver CapítuloJudson Bible16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှာ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဖို့ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ Ver Capítulo |
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
သူက “အကျွန်ုပ်သည် ထာဝရဘုရားစံမြန်းတော်မူရာအရပ်တည်းဟူသော ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ကိန်းဝပ်တော်မူရာတဲတော်ကို မတွေ့ရမချင်း ကိုယ့်နေရာအိမ်သို့မပြန်၊ ကိုယ့်အိပ်ရာခုတင်ပေါ်သို့မတက်၊ ကိုယ့်မျက်စိကိုအိပ်ခွင့်၊ ကိုယ့်မျက်လွှာကိုပိတ်ခွင့်မပေးဘဲနေမည်”ဟု ကျိန်ဆို၍ကတိသစ္စာပြုခဲ့ပါ၏။