အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ကမ္ဘာဦး 21:31 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။ Common Language Bible ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။ Garrad Bible ၎င်း အ ရပ်၌ ထို နှစ် ဦး တို့ သ စ္စာ ထား ကြ သည် ကို အ စွဲ ပြု၍ ဗေ ရ ရှေ ဘ ဟု သ မုတ် ကြ ၏။ Judson Bible သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
သူတို့သည် ဗေရရှေဘအရပ်၌ ပဋိညာဉ်ဖွဲ့ကြပြီးနောက် အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။
သူတို့သည် နံနက်စောစောထ၍ တစ်ဦးနှင့်တစ်ဦးကျိန်ဆိုခြင်းကိုပြုကြ၏။ ထို့နောက် ဣဇက်သည် သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ငြိမ်းချမ်းစွာပြန်သွားကြ၏။
ဣဇက်သည် ထိုရေတွင်း၏အမည်ကို ရှေဘ ဟုခေါ်၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဗေရရှေဘ ဟုယနေ့တိုင်အောင်ခေါ်ကြ၏။
ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။
ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
ရှောလမုန်မင်းကြီးအုပ်စိုးစဉ်ကာလပတ်လုံး ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် ယုဒလူမျိုးနှင့်အစ္စရေးလူမျိုးတို့သည် ကိုယ့်စပျစ်ပင်အောက်၊ ကိုယ့်သဖန်းပင်အောက်တွင် ဘေးကင်းလုံခြုံစွာနေထိုင်ရလေ၏။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။