ကမ္ဘာဦး 46:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။ Ver CapítuloCommon Language Bible1 ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။- Ver CapítuloGarrad Bible1 ထို နောက် ဣ သ ရေ လ သည် ပိုင် ဆိုင် သ မျှ ပါ ခ ရီး သွား၍ ဗေ ရ ရှေ ဘ အ ရပ် သို့ ရောက် သော် အ ဘ ဣ ဇာက်၏ ဘု ရား သ ခင် အား ပူ ဇော် သ က္ကာ ကို ဆက် ကပ် လေ ၏။ Ver CapítuloJudson Bible1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘဣဇာက်၏ ဘုရားသခင်အားယဇ်ပူဇော်ခြင်းကို ပြုလေ၏။ Ver Capítulo |
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။