သူကြီး 20:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။ Ver CapítuloCommon Language Bible1 မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။- Ver CapítuloGarrad Bible1 ထို အ ခါ ဒန် မြို့ မှ စ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ဂိ လဒ် ပြည် သား တို့ နှင့် တ ကွ ချီ ထွက် ပြီး လျှင်၊ မိ ဇ ပါ မြို့ ထာ ဝ ရ ဘု ရား အ ထံ တော်၌ တစ် ဦး တည်း ကဲ့ သို့ စု ရုံး ရာ တွင် Ver CapítuloJudson Bible1 ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။ Ver Capítulo |
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။