သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်းဖြစ်၏။
စွန် ပ လွံ ပင် ကို တက်၍၊ အ ခက် အ လက် များ ကို ကိုင် မည် ဟု ငါ အောက် မေ့ သည့် အ လျောက်၊ ရင် သား များ သည် စ ပျစ် သီး ပြွတ် ကဲ့ သို့ လည်း ကောင်း၊ ရှူ ထုတ် သော လေ သည် သစ် သော့ သီး ရ နံ့ ကဲ့ သို့ လည်း ကောင်း၊
စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက်တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တစ်ဖန် သင်၏ရင်သားတို့သည် စပျစ်သီးပြွတ်ကဲ့သို့လည်းကောင်း၊ သင်ရှူသောအသက်အနံ့သည် ရှောက်ချိုသီးအနံ့ကဲ့သို့လည်းကောင်း၊
‘ငါသည် စွန်ပလွံပင်ပေါ်တက်ပြီး အကိုင်းကိုကိုင်မည်’ဟု ငါဆို၏။ သင့်ရင်သားတို့သည် စပျစ်သီးခိုင်ကဲ့သို့၊ သင်အသက်ရှူထုတ်သောလေသည် ပန်းသီးရနံ့ကဲ့သို့ ဖြစ်ပါစေ။
ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။
သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။
စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆို သော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူ သောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊
သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။-