ရှောလမုန်သီချင်း။ 7:9 - Common Language Bible9 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော် မူတတ်၏။ Ver CapítuloGarrad Bible9 နှုတ် သည် အိပ် ပျော် သူ တို့ ခံ တွင်း သို့ ဝင် ရ သော၊ ငါ့ ချစ် သူ သောက် လွယ် သော စ ပျစ် ရည် အ ကောင်း ဆုံး ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ။ Ver CapítuloJudson Bible9 သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဖို့ ဖြောင့်စွာစီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏နှုတ်ခမ်းသို့ အမှတ်တမဲ့ရောက်တတ်ပါ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။ Ver Capítulo |
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။