ရှောလမုန်သီချင်း။ 4:16 - Common Language BibleVer CapítuloGarrad Bible16 မြောက် လေ ဆော် ပါ။ တောင် လေ သွင်း ပါ။ မွှေး ကြိုင် သော ရ နံ့ သင်း ပျံ့ စေ ရန်၊ ကျွန် မ ဥ ယျာဉ် ပေါ် သို့ သွေး ပါ။ ကျွန် မ ချစ် သူ သည်၊ ကိုယ့် ဥ ယျာဉ် တော် သို့ ဝင်၍၊ ထူး မြတ် သော အ သီး ကို သုံး ဆောင် တော် မူ ပါ စေ။ Ver CapítuloJudson Bible16 မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့လာကြပါ။ မွှေးကြိုင်သော အနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း16 “အို မြောက်လေ၊ နိုးပါ။ အို တောင်လေ၊ လာပါ။ အကျွန်ုပ်ဥယျာဉ်တွင် တိုက်ခတ်ပါ။ သို့မှ အရှင့်ထံမှအမွှေးနံ့သာတို့ ပျံ့သွားမည်။ အကျွန်ုပ်ချစ်သူသည် မိမိဥယျာဉ်ထဲသို့ လာပါစေ။ အကောင်းဆုံးအသီးကို စားပါစေ။” Ver Capítulo |
ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။