အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
၁ ရာ 28:8 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် ရုပ်ဖျက်၍ တခြားအဝတ်ကိုဝတ်ပြီးလျှင် သူ့နောက်လိုက်နှစ်ဦးနှင့်အတူ သွားရာ ညအချိန်တွင် ထိုမိန်းမရှိရာသို့ ရောက်လာ၏။ ရှောလုမင်းကြီးက သူ့အား “နတ်ကို အမှီပြု၍ ငါပြောသောသူကို ခေါ်ပေးပါလော့”ဟု ဆို၏။ Common Language Bible ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။ Garrad Bible ရှော လု မင်း သည် ဝတ် လဲ တော် မ ဆင် ဘဲ ဆင်း ရဲ သား ဟန် ဆောင် လျက် နောက် ပါ ငယ် သား နှစ် ယောက် နှင့် ညဉ့် အ ခါ ထို မိန်း မ ထံ သွား ရောက် ပြီး လျှင် သင် အ မှီ ပြု သော ဇော် ဂ နီ တန် ခိုး အား ဖြင့် ကျွန် တော် အ လို ရှိ သူ့ ကို ခေါ် ပေး ပါ ဟု ဆို သော် Judson Bible ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ |
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။
ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။
စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။