၃ ရာ 22:34 - မြန်မာ့စံမီသမ္မာကျမ်း34 စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။ Ver CapítuloCommon Language Bible34 သို့ရာတွင်ရှရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်ရာအာဟပ် ၏သံချပ်အင်္ကျီအဆက်ကြားကိုထိမှန်သွားလေ သည်။ မင်းကြီးက``ငါ့ကိုမြားထိပြီ၊ တိုက်ပွဲမှ မောင်းထွက်သွားလော့'' ဟုရထားမှူးအားအမိန့် ပေးတော်မူ၏။ Ver CapítuloGarrad Bible34 သူ ရဲ တစ် ယောက် ယမ်း ဆ ပစ် ခတ် သော မြှား သည် ဣ သ ရေ လ ဘု ရင် ကို သံ ချပ် ရင် အုပ် အ မြိတ် ကြား တွင် မှန် သော် ငါ့ ကို ထိ ပြီ။ စစ် ပွဲ က လှည့် မောင်း လော့ ဟု ရ ထား တော် ထိန်း အား မိန့် ဆို ပြီး နောက် တစ် နေ့ လုံး တိုး တက် တိုက် ခိုက် ကြ ၏။ Ver CapítuloJudson Bible34 လူတစ်ယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲကလှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။ Ver Capítulo |
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။