ယေဇကျေလ 12:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible6 ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။ Ver CapítuloGarrad Bible6 ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ သက် သေ လ က္ခ ဏာ အ ဖြစ်၊ သင့် ကို ငါ ခန့် ထား ပြီး ဖြစ် သော ကြောင့်၊ မြေ ကို မ မြင် အောင် မျက် နှာ ဖုံး လျက်၊ မှောင် ကျ မှ ထုတ် ပြီး လျှင်၊ ချင်း တို့ မျက် မှောက် တွင် ထမ်း သွား လော့ ဟု မိန့် မှာ တော် မူ သည့် အ တိုင်း၊ Ver CapítuloJudson Bible6 ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊ Ver Capítulo |