La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဧ​ဖက် 2:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။

Ver Capítulo

Common Language Bible

လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။

Ver Capítulo



ဧ​ဖက် 2:2
64 Referencias Cruzadas  

ထိုသို့ ကြားလျှောက်​နေစဉ်​တွင်ပင် အခြား​တမန်​တစ်ဦး​ရောက်လာ​၍ “​ဘုရားသခင်​၏​မီး​သည် ကောင်းကင်​မှ​ကျလာ​၍ သိုး​နှင့်​အစေခံ​တို့​ကို လောင်​ကျွမ်း​လေ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။


တောကန္တာရ​ဘက်​မှ လေပြင်းမုန်တိုင်း​သည် လေးဘက်လေးတန်​မှ​တိုက်​လာ​သဖြင့် ထို​လုလင်​တို့​အပေါ်​သို့ အိမ်​ပြိုကျ​ပြီး သူ​တို့​သေ​ကုန်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။


ထာဝရဘုရား​က စာတန်​အား “​သင် ဘယ်​အရပ်​က​လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်​”​ဟု ပြန်လျှောက်​၏​။


ငါ​သည် သွား​နေ​သော​လမ်း​မှ ခြေလှမ်း​လွဲ​ခဲ့​လျှင်​၊ ငါ့​စိတ်နှလုံး​သည် မျက်စိ​အလို​နောက်သို့ လိုက်​ခဲ့​လျှင်​၊ ငါ့​လက်​သည် အညစ်အကြေး​စွန်းထင်း​ခဲ့​လျှင်


အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။ သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။


ထာဝရဘုရား​က “​ဆန့်ကျင်ပုန်ကန်​သော​သားသမီး​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ငါ့​အကြံအစည်​မ​ဟုတ်​သော အကြံအစည်​ကို​ကြံစည်​ကြ​၏​။ ငါ​၏​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​ဘဲ သူ​တို့​သဘော​အတိုင်း မဟာမိတ်​ဖွဲ့​ကြ​၏​။ ဤသို့ဖြင့် အပြစ်​တစ်​ခု​ပြီး​တစ်​ခု​ထပ်ဆင့်​ပြု​ကြ​၏​။


သင်​တို့​သည် မည်သူ့​ကို သရော်​ကြ​သနည်း​။ မည်သူ့​ကို​ပါးစပ်​ဟ​၍ လျှာ​ထုတ်​ပြ​ကြ​သနည်း​။ သင်​တို့​သည် အပြစ်​ကျူးလွန်​သော​သားသမီး​များ​၊ မုသား​ပြောဆို​သော​အမျိုးအနွယ်​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။


“အို အစ္စရေး​၊ သင်​သည် ဂိဗာ​မြို့​တွင်​နေစဉ်​ကာလ အပြစ်ပြု​ကြ​၏​။ အပြစ်ပြု​သူ​တို့​သည် ထို​အရပ်​၌ ဆက်​နေ​ကြ​၏​။ ဂိဗာ​မြို့​တွင် စစ်​ဖြစ်​စဉ်က သူ​တို့​ကို မ​နှိမ်နင်း​နိုင်​ခဲ့​ပေ​။


ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊


လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။


ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။


စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။


လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။


ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။


ရှိမုန်၊ ရှိမုန်၊ နားထောင်​လော့။ ဂျုံ​ကို​ဆန်ခါချ​သကဲ့သို့ စာတန်​သည် သင်​တို့​ကို ဆန်ခါချ​ရန် အခွင့်​တောင်း​လေ​ပြီ။


ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။


ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။


ထို​မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီး​သောအခါ စာတန်​သည် သူ့​အထဲသို့​ဝင်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ယုဒ​အား“သင်​ပြု​နေ​သည့်​အမှု​ကို အမြန်​ပြု​လော့”​ဟု မိန့်​တော်မူ​၏။


ငါ​သည် သင်​တို့​နှင့် များစွာ​ပြော​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ရောက်လာ​တော့မည်။ သူ​သည် ငါ့​အပေါ်၌ မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။


သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။


ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။


လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။


ယေရှု​က​လည်း“သင်​တို့​သည် အောက်​အရပ်​နှင့်ဆိုင်​၏။ ငါ​မူကား အထက်​အရပ်​နှင့်ဆိုင်​၏။ သင်​တို့​သည် ဤ​လောက​နှင့်ဆိုင်​၏။ ငါ​မူကား ဤ​လောက​နှင့်​မ​ဆိုင်။


သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။


ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။


ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။


သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။


သို့ရာတွင် ဤ​လောက​ရှိ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လောဘ​လွန်ကျူး​၍ လိမ်လည်​လုယူ​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လုံးဝ​အပေါင်းအဖော်​မ​ပြု​ရ​ဟု ငါ​ဆိုလို​သည်​မ​ဟုတ်။ ထိုသို့ဆိုလျှင် သင်​တို့​သည် ဤ​လောက​မှ ထွက်ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။


သင်​တို့​တွင် အချို့​သော​သူ​တို့​သည် ထိုသို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့သော် သင်​တို့​သည် သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​နှင့် ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဆေးကြော​ခြင်း​ခံရ​၍ သန့်ရှင်း​စေ​ခြင်း​ခံရ​ကာ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။


ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။


ထို​သခင်​သည် ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆိုးညစ်​သော​မျက်မှောက်​ကာလ​မှ ငါ​တို့​ကို​ကယ်နုတ်​ရန် ငါ​တို့​၏​အပြစ်​အတွက် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။


ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။


ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။


သို့သော် တစ်ချိန်က ဝေးကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယခု​အခါ ခရစ်တော်​ယေရှု​၌ ခရစ်တော်​၏​သွေး​တော်​အားဖြင့် အနီး​သို့​ရောက်​ရ​ကြ​ပြီ။


ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။


ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။


သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍


အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။


အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။


ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။


အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။


ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။


ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍


အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။


သူ​တို့​၏​မျက်စိ​သည် ဖောက်ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်နှက်​၍ အပြစ်​ပြု​ရာ​မှ​ရပ်တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်ကြည်​သော​သူ​တို့​ကို လှည့်ဖြား​ဆွဲဆောင်​လျက် လောဘ​လွန်ကျူး​ခြင်း​၌​ကျင့်သားရ​သော စိတ်နှလုံး​ရှိ​၍ ကျိန်ဆဲ​ခြင်း​၏​သားသမီး​များ​ဖြစ်​ကြ​၏။


ဖြောင့်မတ်​ခြင်း​တရား​ကို​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ မိမိ​ညီအစ်ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​နှင့် မာရ်နတ်​၏​သားသမီး​များ​ကို ခွဲခြား​သိရှိ​နိုင်​၏။


အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။


သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။


ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။


အကြောင်းမူကား ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​တိုင်း​သည် လောက​ကို​အောင်နိုင်​၏။ လောက​ကို​အောင်နိုင်​သော အောင်ပွဲ​မှာ ငါ​တို့​၏​ယုံကြည်​ခြင်း​ပင်​ဖြစ်​၏။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။


အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။


သတ္တမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို အာကာသ​ထဲသို့​သွန်းလောင်း​သောအခါ ဗိမာန်​တော်​ထဲရှိ ပလ္လင်​တော်​မှ ကျယ်လောင်​သော​အသံ​ထွက်ပေါ်​လာ​၍ “အမှု​ပြီးမြောက်​ပြီ”​ဟု ဆို​၏။


သူ​သည် မာရ်နတ်​စာတန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကို​ဖမ်း​လျက် အနှစ်​တစ်ထောင်​ချည်နှောင်​ထား​၍