ဆာလံ 17:14 - မြန်မာ့စံမီသမ္မာကျမ်း14 အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။ Ver CapítuloCommon Language Bible14 ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။ Ver CapítuloGarrad Bible14 လော က သား တို့ လက် မှ လက် ရုံး တော် ဖြင့် လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။ ထို သူ တို့ သည်၊ ဤ ဘ ဝ၌ ကိုယ့် ပိုင် စု ကို ရ လျက်၊ ဘ ဏ္ဍာ တော် များ ကြောင့် ဝမ်း ပြည့် လျက်၊ သား သ မီး များ ကို ရ ရှိ ၍၊ ကျန် ရစ် သော ပ စ္စည်း ကို၊ ကိုယ့် သား ငယ် ကို ဆက် ခံ ရ ကြ ပါ ၏။ Ver CapítuloJudson Bible14 အိုထာဝရဘုရား၊ လောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဖို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။ Ver Capítulo |