၁ ယော 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။ Ver CapítuloCommon Language Bible4 သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။- Ver CapítuloGarrad Bible4 သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။ Ver CapítuloJudson Bible4 ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။ Ver Capítulo |
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။