La Biblia Online

Anuncios


Toda la Biblia A.T. N.T.




သုတ္တံကျမ်း။ 4:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​သည် မှောင်မိုက်​ကဲ့သို့​ဖြစ်၍ သူ​တို့​သည် မည်သည့်​အရာ​နှင့်​ခလုတ်တိုက်​မိ​သည်​ကို မ​သိ​ကြ​။

Ver Capítulo

Common Language Bible

မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။

Ver Capítulo

Garrad Bible

လူ ဆိုး တို့၏ လမ်း မူ ကား၊ မှောင် မိုက် သ ဖွယ် ဖြစ်၍၊ ကိုယ် ကို လဲ စေ သော အ ရာ ကို မျှ မ သိ မ မြင် ကြ။

Ver Capítulo

Judson Bible

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

Ver Capítulo



သုတ္တံကျမ်း။ 4:19
16 Referencias Cruzadas  

အလင်း​မ​ရှိ​သော​မှောင်မိုက်​ထဲ၌ စမ်းတဝါးဝါး​သွားလာ​စေ​၍ အရက်မူး​သော​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်စေ​တော်မူ​၏​။


သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


နေ့​အချိန်​၌ပင် သူ​တို့​ကို အမှောင်ထု​ဖုံးလွှမ်း​၍ မွန်းတည့်အချိန်​၌ပင် ညအချိန်​ကဲ့သို့ စမ်းတဝါးဝါး​သွားလာ​ကြ​ရ​၏​။


သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ မည်သည့်​အရာ​ကို​မျှ​လည်း နား​မ​လည်​ဘဲ အမှောင်​ထဲ၌ သွားလာ​ကြ​၏​။ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​အပေါင်း​တို့​သည် တုန်လှုပ်​ကြ​၏​။


သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊


ကောက်ကျစ်​သော​သူ​၏​လမ်း​၌ ဆူးပင်​များ​နှင့် ကျော့ကွင်း​များ​ရှိ​ကြ​၏​။ မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​သည် ထို​အရာ​တို့​ကို ဝေးဝေးရှောင်​တတ်​၏​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


“​သူ​တို့​သွား​သော​လမ်း​သည် မှောင်မိုက်​၍ ချော်​သော​လမ်း​ဖြစ်​မည်​။ သူ​တို့​သည် ထို​လမ်း​တွင် တွန်းထိုး​ခံရ​၍ လဲကျ​ကြ​လိမ့်မည်​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။


သို့သော် ည​အချိန်​၌​သွားလာ​လျှင် သူ​၌​အလင်း​မ​ရှိ​သောကြောင့် ခလုတ်တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​က​လည်း“အလင်း​သည် သင်​တို့​တွင် နောက်ထပ် ခဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်မိုက်​မ​လွှမ်းမိုး​စေရန် အလင်း​ရှိ​ခိုက် သွားလာ​ကြ​လော့။ မှောင်မိုက်​၌​သွားလာ​သော​သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။


မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။


ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။