၁ ယော 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။ Ver CapítuloCommon Language Bible11 သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။ Ver CapítuloGarrad Bible11 ညီ အစ် ကို ချင်း မုန်း သူ မူ ကား မှောင် မိုက်၌ နေ ထိုင် သွား လာ လျက် မှောင် မိုက် ကြောင့် မျက် စိ ကွယ် သည့် အ လျောက် မည် သည့် အ ရပ် သို့ သွား သည် ကို မ သိ ချေ။ Ver CapítuloJudson Bible11 မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 သို့သော် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် အမှောင်ထဲတွင် ရှိ၍ အမှောင်ထဲတွင် ကျင်လည်၏။ အမှောင်ထုသည် ထိုသူအား ကွယ်စေသောကြောင့် သူသည် မည်သည့်နေရာသို့ သွားနေသည်ကိုပင် မသိ။ Ver Capítulo |
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။