ယေရမိ 23:12 - မြန်မာ့စံမီသမ္မာကျမ်း12 “သူတို့သွားသောလမ်းသည် မှောင်မိုက်၍ ချော်သောလမ်းဖြစ်မည်။ သူတို့သည် ထိုလမ်းတွင် တွန်းထိုးခံရ၍ လဲကျကြလိမ့်မည်။ စစ်ကြောစီရင်ချိန်ရောက်လျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Ver CapítuloCommon Language Bible12 သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။ Ver CapítuloGarrad Bible12 ထို့ ကြောင့်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် နှင့် အ ညီ၊ ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ တည်း ဟူ သော ဘေး ဥပဒ် ကို ငါ သင့် စေ မည့် အ လျောက်၊ ချင်း တို့ လမ်း သည် မှောင် ကျ၍၊ ခြေ ချော် ရာ ဖြစ် လျက်၊ တွန်း ချ ဖြို လှဲ ခံ ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible12 ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသောကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |