ယေရမိ 23:11 - မြန်မာ့စံမီသမ္မာကျမ်း11 “ပရောဖက်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် ညစ်ညူးကြပြီ။ ငါ့အိမ်တော်၌ပင် မကောင်းမှုပြုကြသည်ကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Ver CapítuloCommon Language Bible11 ထာဝရဘုရားက``ပရောဖက်များနှင့် ယဇ်ပုရောဟိတ်တို့တွင်ဘုရားတရားမရှိ တော့ပြီ။ ဗိမာန်တော်ထဲ၌ပင်သူတို့မကောင်းမှုပြု ကျင့် ကြသည်ကိုငါတွေ့မြင်ရ၏။ Ver CapítuloGarrad Bible11 ထာ ဝ ရ ဘု ရား က၊ ပ ရော ဖက် နှင့် ပ ရော ဟိတ် တို့ သည်၊ လူ့ သ ရော် လူ ပျက် ဖြစ် လျက်၊ ဗိ မာန် တော် တွင် ပင်၊ ထို သူ တို့ ဆိုး သွမ်း မှု ကို ငါ တွေ့ မြင် ပြီ။ Ver CapítuloJudson Bible11 ပရောဖက်နှင့် ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ Ver Capítulo |
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။