La Biblia Online

Anuncios


Toda la Biblia A.T. N.T.




သုတ္တံကျမ်း။ 17:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငြိမ်းချမ်းမှု​နှင့်ယှဉ်တွဲ​လျက်​ရှိ​သော မုန့်​ခြောက်​အနည်းငယ်​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​နှင့်ယှဉ်တွဲ​လျက်​ရှိ​သည့် စားသောက်ဖွယ်​အပြည့်​ရှိ​သော​အိမ်​ထက် ပို၍​ကောင်း​၏​။

Ver Capítulo

Common Language Bible

တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။

Ver Capítulo

Garrad Bible

ရန် တွေ့ ခြင်း ကို၊ ဖြစ် ပွား စေ သော အိမ် လုံး ပြည့် ခဲ ဖွယ် စား ဖွယ် ထက်၊ ငြိမ် သက် စွာ စား ရ သော မုန့် ခြောက် တစ် လုပ် စာ သည်၊ သာ၍ ကောင်း ၏။

Ver Capítulo

Judson Bible

တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။

Ver Capítulo



သုတ္တံကျမ်း။ 17:1
8 Referencias Cruzadas  

ဖြောင့်မတ်​သော​သူ​၏​အနည်းငယ်​သော​ဥစ္စာ​သည် ဆိုးယုတ်​သော​သူ​တို့​၏​များစွာ​သော စည်းစိမ်ဘဏ္ဍာ​ထက် ပို၍​ကောင်း​၏​။


ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။


ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည် မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။


တရားသဖြင့်​ရ​သော အမြတ်အစွန်း​အနည်းငယ်​သည် မတရား​သဖြင့်​ရ​သော အမြတ်အစွန်း​များစွာ​ထက် ပို၍​ကောင်း​၏​။


ပညာသတိ​ရှိ​သော​အစေအပါး​သည် အရှက်ကွဲ​စေ​သော​သား​ကို​အုပ်စိုး​၍ ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု​ကို​ရရှိ​လိမ့်မည်​။


စိတ်ဆတ်​၍ ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် နေ​ရ​ခြင်း​ထက် တောကန္တာရ​အရပ်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။


ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် တစ်​အိမ်​တည်း​အတူ​နေ​ရ​ခြင်း​ထက် ခေါင်မိုးပြင်​ထောင့်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။


“​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍ ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။