ဆာလံ 37:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။ Ver CapítuloCommon Language Bible16 သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။ Ver CapítuloGarrad Bible16 များ စွာ သော လူ ဆိုး တို့၏ ကြိမ်း မောင်း သံ ထက်၊ ဖြောင့် မတ် သူ၏ အား နည်း ခြင်း ကောင်း၏။ Ver CapítuloJudson Bible16 ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။ Ver Capítulo |
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။