သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
ဝတ်ပြု 5:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။ Common Language Bible အောက်ဖော်ပြပါကူးလွန်မူများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန်လိုအပ်သည်။ တစ် စုံတစ်ယောက်သောသူအားတရားရုံးမှသက် သေခံရန်ဆင့်ခေါ်သည့်အခါ သူသည်မိမိ မြင်ရကြားရသည့်အတိုင်းထုတ်ဖော်ပြောဆို ခြင်းမပြုလျှင် အပြစ်ကူးလွန်ရာရောက်သည်။ Garrad Bible ကျမ်း တိုက် ၍ မေး သော သက် သေ ခံ သူ သည် သိ မြင် ရာ ကို မ ဖော် ပြ ဘဲ ပြစ် မှား သ ဖြင့် ဝ စီ ဒု စ ရိုက် ဝန် ထမ်း သော် လည်း ကောင်း၊ Judson Bible တစ်စုံတစ်ယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကိုခံရသော်လည်းကောင်း၊ |
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းကို ပြစ်မှားမိသဖြင့် ကျိန်ဆိုစရာအကြောင်းရှိ၍ ဤအိမ်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့တွင် လာရောက်ကျိန်ဆိုလျှင်
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှခါ ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
သူတို့နှစ်ဦးကြား၌ မိမိအိမ်နီးချင်း၏ဥစ္စာကိုမယူကြောင်း ထာဝရဘုရားရှေ့တော်တွင် ကျိန်ဆိုသည့်အတိုင်း ပိုင်ရှင်သည်လက်ခံရမည်။ ထိန်းသိမ်းထားသောသူသည်လည်း အလျော်မပေးရ။
သူခိုးနှင့်ဝေစုခွဲဝေသောသူသည် မိမိအသက်ကိုမုန်းသောသူဖြစ်၏။ သူသည် ကျိန်ခြင်းကိုကြားသော်လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိ။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်သူတို့နှင့် ပြည့်လျက်နေ၏။ အကျိန်ခံရသောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်းကြ၏။ တောကန္တာရစားကျက်မြေများလည်း ခြောက်သွေ့လျက်ရှိ၏။ သူတို့သည် ဆိုးညစ်စွာအသက်ရှင်ကြ၏။ သူတို့၏ခွန်အားကို မမှန်မကန်အသုံးချကြ၏။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
သူသည် အဝတ်မလျှော်၊ ရေမချိုးလျှင် ကိုယ့်အပြစ် ကိုယ်ခံရမည်”ဟု သူတို့အား ပြောကြားရမည်။
စားမိသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောယဇ်ကို ညစ်ညူးစေသည်ဖြစ်၍ ကိုယ့်အပြစ် ကိုယ်ခံရမည်။ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
“တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။