ဝတ်ပြု 5:2 - မြန်မာ့စံမီသမ္မာကျမ်း2 တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။ Ver CapítuloCommon Language Bible2 တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။ Ver CapítuloGarrad Bible2 လူ တစ် ဦး သည် မ သန့် သော သား ယဉ် သား ရဲ အ သေ ကောင် ကို ဖြစ် စေ၊ မ သန့် သော ပိုး မွှား အ ကောင် အ လောင်း ကို ဖြစ် စေ၊ မ သိ ဘဲ ထိ မိ၍ မ သန့် ရာ ရောက် သ ဖြင့် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊ လူ ဆိုင် သော မ သန့် ရာ တစ် စုံ တစ် ခု ကို မ သိ ဘဲ ထိ မိ၍၊ Ver CapítuloJudson Bible2 တစ်စုံတစ်ယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင်အစရှိသော မစင်ကြယ်သောအရာတစ်စုံတစ်ခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်လည်းကောင်း၊ Ver Capítulo |
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။