Biblia Todo Logo
La Biblia Online
- Anuncios -




ဝတ်​ပြု 5:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 တစ်စုံတစ်ယောက်​သည် ကျိန်ဆို​သံ​ကို​ကြား​သော်လည်း မိမိ​မြင်​သော​အရာ​၊ သိ​သော​အရာ​ကို သက်သေ​အဖြစ် ထုတ်ဖော်​ပြောဆို​ခြင်း​မ​ပြု​လျှင် အပြစ်​ပြု​ရာ​ရောက်​၍ သူ​သည် အပြစ်ဒဏ်​ခံရ​မည်​။

Ver Capítulo Copiar

Common Language Bible

1 အောက်​ဖော်​ပြ​ပါ​ကူး​လွန်​မူ​များ​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရန်​လို​အပ်​သည်။ တစ် စုံ​တစ်​ယောက်​သော​သူ​အား​တ​ရား​ရုံး​မှ​သက် သေ​ခံ​ရန်​ဆင့်​ခေါ်​သည့်​အ​ခါ သူ​သည်​မိ​မိ မြင်​ရ​ကြား​ရ​သည့်​အ​တိုင်း​ထုတ်​ဖော်​ပြော​ဆို ခြင်း​မ​ပြု​လျှင် အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။

Ver Capítulo Copiar

Garrad Bible

1 ကျမ်း တိုက် ၍ မေး သော သက် သေ ခံ သူ သည် သိ မြင် ရာ ကို မ ဖော် ပြ ဘဲ ပြစ် မှား သ ဖြင့် ဝ စီ ဒု စ ရိုက် ဝန် ထမ်း သော် လည်း ကောင်း၊

Ver Capítulo Copiar

Judson Bible

1 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

Ver Capítulo Copiar




ဝတ်​ပြု 5:1
22 Referencias Cruzadas  

သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှကြိမ် ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။


တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ကို ပြစ်မှား​မိ​သဖြင့် ကျိန်ဆိုစရာ​အကြောင်း​ရှိ​၍ ဤ​အိမ်​တော်​ရှိ ကိုယ်တော်​၏​ယဇ်ပလ္လင်​ရှေ့​တွင် လာရောက်​ကျိန်ဆို​လျှင်


သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှခါ ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို လွှမ်းမိုး​သည်​အထိ များပြား​၍ ဝန်ထုပ်ကြီး​ကဲ့သို့ အကျွန်ုပ်​အတွက် လေးလံ​လွန်း​ပါ​၏​။


သူ​တို့​နှစ်​ဦး​ကြား​၌ မိမိ​အိမ်နီးချင်း​၏​ဥစ္စာ​ကို​မ​ယူ​ကြောင်း ထာဝရဘုရား​ရှေ့​တော်​တွင် ကျိန်ဆို​သည့်​အတိုင်း ပိုင်ရှင်​သည်​လက်ခံ​ရ​မည်​။ ထိန်းသိမ်း​ထား​သော​သူ​သည်​လည်း အလျော်​မ​ပေး​ရ​။


သူခိုး​နှင့်​ဝေစုခွဲဝေ​သော​သူ​သည် မိမိ​အသက်​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သူ​သည် ကျိန်​ခြင်း​ကို​ကြား​သော်လည်း မည်သည့်​အရာ​ကို​မျှ ထုတ်ဖော်​ပြောဆို​ခြင်း​မ​ရှိ​။


သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍ “​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။ သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။


သူ​သည် မိမိ​စိတ်ဝိညာဉ်​ခံစား​ရ​သော ဒုက္ခဝေဒနာ​၏​အကျိုး​ကို​မြင်​၍ အားရကျေနပ်​မည်​။ ဖြောင့်မတ်​သော​ငါ​၏​အစေအပါး​သည် သူ​၏​အသိပညာ​အားဖြင့် လူ​များစွာ​တို့​ကို ဖြောင့်မတ်​သော​သူ​ဖြစ်စေ​မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ထမ်းသွား​မည်​။


အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။


အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။ သား​သည် ဖခင်​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖခင်​သည်​လည်း သား​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​သည် သူ​၏​ဖြောင့်မတ်​ခြင်း​အကျိုး​ကို ခံစား​ရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် သူ​၏​ဆိုးယုတ်​ခြင်း​အကျိုး​ကို ခံရ​လိမ့်မည်​။


‘ကြည့်ရှု​လော့​။ ဝိညာဉ်​မှန်သမျှ​ကို ငါ​ပိုင်​၏​။ ဖခင်​၏​ဝိညာဉ်​ကို​ငါ​ပိုင်​သကဲ့သို့ သား​၏​ဝိညာဉ်​ကို​လည်း ငါ​ပိုင်​၏​။ အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။


သူ​သည် အဝတ်​မ​လျှော်​၊ ရေ​မ​ချိုး​လျှင် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​”​ဟု သူ​တို့​အား ပြောကြား​ရ​မည်​။


စား​မိ​သော​သူ​သည် ထာဝရဘုရား​၏​သန့်ရှင်းသောယဇ်​ကို ညစ်ညူး​စေ​သည်​ဖြစ်၍ ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​ကို​ယူ​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​အမှု​သည် ရှက်ဖွယ်​သော​အမှု​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​ပြု​သောကြောင့် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော​ပညတ်တော်​ထဲမှ ပညတ်ချက်​တစ်ခုခု​ကို တစ်စုံတစ်ယောက်​သည် မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​လျှင်​လည်းကောင်း​၊


“​တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​၏​သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အပေါ် မရည်ရွယ်​ဘဲ​ပြစ်မှား​ခြင်း​ဖြင့် မှားယွင်းမှု​ကို​ပြု​မိ​လျှင် သူ​သည် အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​သော​ငွေ​ရှယ်ကယ်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​ရ​မည်​။


တစ်စုံတစ်ယောက်​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို လုပ်​မိ​၍ အပြစ်ပြု​မိ​မှန်း​ကို မ​သိ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​၍ သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။


သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။


သို့သော် တစ်စုံတစ်ယောက်​သည် စင်ကြယ်​ခြင်း​ရှိ​လျက်​၊ ခရီး​လည်း​မ​လွန်​ဘဲ​လျက် ပသခါပွဲတော်​ကို မ​ကျင်းပ​လျှင် သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​၌ ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို မ​ပူဇော်​သောကြောင့် သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။


သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။


ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။


သူ​သည် မိခင်​အား “​ငွေစ​တစ်ထောင့်​တစ်ရာ​ပျောက်သွား​သဖြင့် အမေ ကျိန်ဆဲ​ပြောဆို​နေ​သည်​ကို အကျွန်ုပ်​ကြား​ပါ​၏​။ ထို​ငွေ​ကို အကျွန်ုပ်​ယူ​မိ​ပါ​၏​။ အကျွန်ုပ်​ထံ၌ ရှိ​ပါ​၏​”​ဟု ဆို​လျှင် မိခင်​က “​ငါ့​သား​၊ ထာဝရဘုရား သင့်​ကို ကောင်းချီးပေး​ပါစေ​”​ဟု ဆို​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos