La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ရှင်ယောဟန် 4:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။

Ver Capítulo

Common Language Bible

ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-

Ver Capítulo

Garrad Bible

သားယောသပ်အား ယာကုပ်ပေးခဲ့သောမြေကွက်အနီး ရှုခါခေါ်ရှမာရိမြို့တစ်မြို့သို့ရောက်တော်မူသော်၊

Ver Capítulo

Judson Bible

ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤသို့ဖြင့် ရှမာရိပြည်​ရှိ ရှုခါမြို့​သို့ ရောက်တော်မူ၏။ ထို​မြို့​သည် ယာကုပ်​က သားဖြစ်သူ​ယောသပ်​အား ပေးခဲ့သော​မြေကွက်​အနီး​တွင် တည်ရှိ၏။

Ver Capítulo

မြန်မာ

ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။-

Ver Capítulo



ရှင်ယောဟန် 4:5
9 Referencias Cruzadas  

သူ​သည် ရှေခင်​၏​ဖခင်​ဖြစ်​သော ဟာမော်​၏​သား​တို့​ထံမှ ငွေ​တစ်ရာ​ဖြင့်​မြေ​ကွက်​ကို​ဝယ်ယူ​ပြီး ထို​အရပ်​၌​တဲထိုး​လေ​၏​။


ငါ့​ဓား​၊ ငါ့​လေး​ဖြင့် အာမောရိ​လူမျိုး​တို့​လက်​ထဲမှ ငါ​သိမ်းယူ​ခဲ့​သော​မြေ​ကို ငါ​သည် သင်​၏​ညီအစ်ကို​တို့​ထက် သင့်​ကို ဝေစု​တစ်စု​ပို​ပေး​၏​”​ဟု ဆို​လေ​၏​။


ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​၊ ရှမာရိ​မြို့ရွာ​ရှိ​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဝတ်ကျောင်း​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​စကား​တော်​အတိုင်း ထို​သူ​ကြွေးကြော်​ခဲ့​သော​အရာ​သည် အမှန်​ဖြစ်လာ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။


စေတမန်​တို့​ကို မိမိ​ရှေ့​မှ​စေလွှတ်​တော်မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်တော်​အတွက်​ပြင်ဆင်​ထား​ရန် ရှမာရိ​နယ်သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။


အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။


“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။


တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။


သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။