Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 48:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ငါ့​ဓား​၊ ငါ့​လေး​ဖြင့် အာမောရိ​လူမျိုး​တို့​လက်​ထဲမှ ငါ​သိမ်းယူ​ခဲ့​သော​မြေ​ကို ငါ​သည် သင်​၏​ညီအစ်ကို​တို့​ထက် သင့်​ကို ဝေစု​တစ်စု​ပို​ပေး​၏​”​ဟု ဆို​လေ​၏​။

Ver Capítulo Copiar

Common Language Bible

22 ငါ​သည်​ဋ္ဌား​နှင့်​လေး​လက်​နက်​တို့​ဖြင့်​အာ မော​ရိ​အ​မျိုး​သား​တို့​လက်​မှ​သိမ်း​ယူ​ရ​ရှိ သော​မြေ​သြ​ဇာ​ထက်​သန်​သည့် ရှေ​ခင်​နယ်​ကို သင်​၏​အစ်​ကို​တို့​အား​ငါ​မ​ပေး။ သင့်​အား သာ​ငါ​ပေး​၏'' ဟု​ဆို​လေ​၏။

Ver Capítulo Copiar

Garrad Bible

22 ငါ သည်၊ ဓား၊ လေး လက် နက် ဖြင့် အာ မော ရိ လူ မျိုး လက် မှ သိမ်း ယူ သော နယ် တစ် ကျော ကို ညီ အစ် ကို တို့ ထက် သင့် အား ပို၍ ပေး ပြီ ဟု ပြော ဆို ၏။

Ver Capítulo Copiar

Judson Bible

22 ထို​မှ​တစ်​ပါး သင်၏​အစ်​ကို​တို့​အား​ပေး​သည်​ထက် သင့်​အား​သာ၍ ပေး​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​ဓား၊ ငါ့​လေး​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​လက်​မှ နုတ်​ယူ​သော​အ​ရာ​ကို သင့်​အား​ငါ​ပေး​သည်​ဟု ယော​သပ်​ကို​ပြော​ဆို၏။

Ver Capítulo Copiar




ကမ္ဘာ​ဦး 48:22
12 Referencias Cruzadas  

သူ​တို့​သည် မျိုးဆက်​လေးဆက်မြောက်​မှ ဤ​အရပ်​သို့​ပြန်လာ​ကြ​လိမ့်မည်​။ အကြောင်းမူကား အာမောရိ​လူမျိုး​တို့​၏​ဒုစရိုက်​သည် မ​ပြည့်စုံ​သေး​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် ရှေခင်​၏​ဖခင်​ဖြစ်​သော ဟာမော်​၏​သား​တို့​ထံမှ ငွေ​တစ်ရာ​ဖြင့်​မြေ​ကွက်​ကို​ဝယ်ယူ​ပြီး ထို​အရပ်​၌​တဲထိုး​လေ​၏​။


သူ​တို့​သည် မြို့သား​တို့​၏​သိုးဆိတ်​၊ နွား​၊ မြည်း​များ​မှစ၍ မြို့​တွင်း​၊ မြို့ပြင်​ရှိ​ပစ္စည်း​တို့​ကို ယူ​ကြ​၏​။


ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊


ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။


ဘုရားရှင်​ထာဝရဘုရား​က “​ဤသည်ကား အစ္စရေး​အမျိုးအနွယ် တစ်ဆယ့်​နှစ်​နွယ်​အတွက် သင်​တို့​ခွဲဝေ​ကြ​ရ​မည့် အမွေ​မြေ​နယ်နိမိတ်​ဖြစ်​၏​။ ယောသပ်​သည် ဝေစု​နှစ်​စု ရ​ရ​မည်​။


သို့သော် သစ်ကတိုးပင်​မြင့်​သကဲ့သို့​မြင့်​၍ ဝက်သစ်ချပင်​ကဲ့သို့​သန်မာ​သော အာမောရိ​လူမျိုး​တို့​ကို အပင်​ပေါ်​ရှိ​အသီး​များ​သာမက မြေ​အောက်​ရှိ​အမြစ်​များ​ပါ​မကျန် ဖျက်ဆီး​သကဲ့သို့ သူ​တို့​ရှေ့​တွင်​ပင် ငါ​ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်း​ပစ်​ခဲ့​၏​။


ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။


အမုန်းခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​သည်​ဟု အသိအမှတ်​ပြု​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​မှ ထို​သား​အား ဝေစု​နှစ်ဆ​ပေး​ရ​မည်​။ အကြောင်းမူကား သူ​သည် ဖခင်​၏​အဦးဆုံး​အားမာန်​ဖြစ်​၏​။ သားဦးအရိုက်အရာ​ကို သူ​ပိုင်​၏​။


သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။


စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​ကို မိမိ​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ ယခုမှာ သင်​သည် ထို​ပြည်​ကို ပြန်​သိမ်းပိုက်​လို​သလော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos