ရှင်ယောဟန် 4:12 - မြန်မာ့စံမီသမ္မာကျမ်း12 အရှင်သည် ကျွန်မတို့၏အဖ ယာကုပ်ထက် ကြီးမြတ်ပါသလော။ ယာကုပ်သည် ဤရေတွင်းကို ကျွန်မတို့အားပေးခဲ့ပြီး သူကိုယ်တိုင်မှစ၍ သူ၏သားသမီးများနှင့် သူမွေးမြူသောတိရစ္ဆာန်များသည်လည်း ဤတွင်းရေကို သောက်ခဲ့ကြပါသည်”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible12 အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။ Ver CapítuloGarrad Bible12 သားများ၊ သိုးနွားများနှင့်တကွဤရေတွင်းကိုသုံးသောက်၍ အကျွန်ုပ်တို့အားပေးခဲ့သော အဘယာကုပ်ထက် အရှင်ကြီးမြတ်ပါသလောဟုမေးလေ၏။ Ver CapítuloJudson Bible12 ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 သခင်သည် ဤရေတွင်းကို ပေးသော ကျွန်မတို့၏ ဖခင်ကြီးယာကုပ် ထက်ပင် ပို၍ ကြီးမြတ်သလော။ သူအပါအဝင် သူ၏သားသမီးများနှင့် တိရစ္ဆာန်များသောက်ကြသည့် ဤရေထက် ပို၍ကောင်းသောရေကို သခင်သည် မည်သို့ပေးနိုင်မည်နည်း” ဟု မေးလျှောက်၏။ Ver Capítuloမြန်မာ12 ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။- Ver Capítulo |