သားသမီးတို့၊ လာကြလော့။ ငါ့ကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကြောင်းကို သင်တို့အား ငါသင်ကြားပေးမည်။
ရှင်မာကု 4:3 - မြန်မာ့စံမီသမ္မာကျမ်း “နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန်ထွက်သွားလေ၏။ Common Language Bible သို့သွန်သင်ရာတွင်ကိုယ်တော်က ``နားထောင် ကြလော့။ မျိုးကြဲသူတစ်ယောက်သည်မျိုးကြဲ ရန်ထွက်ခွာသွား၏။- Garrad Bible နား ထောင် ကြ လော့၊ မျိုး ကြဲ သူ တစ် ယောက် သည်၊ Judson Bible နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ မြန်မာ နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- |
သားသမီးတို့၊ လာကြလော့။ ငါ့ကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကြောင်းကို သင်တို့အား ငါသင်ကြားပေးမည်။
သမီး၊ နားထောင်လော့။ ကြည့်ရှုဆင်ခြင်၍နားစွင့်လော့။ သင့်လူမျိုးနှင့် သင့်ဖခင်၏အိမ်ကို မေ့ထားလော့။
သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏နှုတ်ထွက်စကားတို့ကိုလည်း အာရုံစိုက်နားထောင်ကြလော့။
သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
စိတ်နှလုံးမာကျောသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဖြောင့်မတ်ခြင်းနှင့်ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
အို ယာကုပ်အမျိုးအနွယ်တို့၊ ကြွင်းကျန်သောအစ္စရေးအမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဝမ်းဗိုက်ထဲကပင် သင့်ကို ငါလွယ်ထား၏။ မွေးစကပင် သင့်ကို ငါချီမထား၏။
ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က
ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည် လာ၍ ၎င်းကိုကောက်စားကြ၏။
ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။